ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူးနှင့် စီမံခန့်ခွဲရေးအရာရှိချုပ်အား လက်ခံတွေ့ဆုံ (၁၂-၃-၂၀၂၄ ရက်)

(၁၂-၃-၂၀၂၄ ရက်၊ နေပြည်တော်)

20240314 01

20240314 02

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူးနှင့် စီမံခန့်ခွဲရေး အရာရှိချုပ်ဖြစ်သူ Mr. Carl Johan Orrenius Skau အား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၂ ရက်၊ ၁၃:၀၀ နာရီတွင် လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် မြန်မာအစိုးရနှင့် WFP အကြား လက်ရှိပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များနှင့် အနာဂတ်တွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့်ကဏ္ဍများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ Mr. Carl Johan Orrenius Skau ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့