နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ (၂၉-၉-၂၀၂၃ ရက်)

(၂၉-၉-၂၀၂၃ ရက် ၊ နေပြည်တော်)

​နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagi အား ၂၉-၉-၂၀၂၃ ရက်၊ (၁၁၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန့်ခွာသူများအား မြန်မာနိုင်ငံမှ ပြန်လည်စိစစ်ပြီး ရှေ့ပြေးစီမံချက်ဖြင့် ပြန်လည်လက်ခံရန် မြန်မာဘက်မှ အသင့်ပြင်ဆင်ထားမှုအခြေအနေ၊ UNHCR နှင့် လက်ရှိပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့အခြေစိုက် UNHCR ရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယကိုယ်စားလှယ် Mr. Mulugeta Zewdie တို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

20231004 02

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့