နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံ UNAIDS ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးအသစ်ကခန့်အပ်လွှာ လာရောက်ပေးအပ်(၉-၂-၂၀၂၃ ရက်)

(၉-၂-၂၀၂၃ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ အား အိပ်ချ်အိုင်ဗီ/ အေအိုင်ဒီအက်စ်ဆိုင်ရာကုလသမဂ္ဂ၏ ပူးတွဲအစီအစဉ် (Joint United Nations Programme on HIV/AIDS-UNAIDS) ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး (Country Director) အဖြစ် တာဝန်ထမ်းဆောင်မည့် Dr. Rangaiyan Gurumurthy ကနေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်၊ ၁၆၀၀ နာရီတွင် လာရောက်ဂါရဝပြုတွေ့ဆုံ၍၊ ၎င်း၏ ခန့်အပ်လွှာကို ပေးအပ်ခဲ့ပါသည်။ ခန့်အပ်လွှာ ပေးအပ်သည့် အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

20230210 01

20230210 01

20230210 01

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့