(၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်)
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့သို့ ရောက်ရှိစဉ် ၂၄−၇−၂၀၂၄ ရက်၊ ၀၉၀၀ နာရီတွင် SPIC Yunnan International Power Investment Corporation သို့ သွားရောက်လေ့လာခဲ့ရာ မြန်မာကိုယ်စားလှယ်အဖွဲ့အား SPIC ကုမ္ပဏီ၏ ဥက္ကဋ္ဌ မစ္စတာ ဝူကျီးချွင် က ကြိုဆိုနှုတ်ဆက်ပြီး ၎င်းတို့ကုမ္ပဏီ၏ လုပ်ငန်းဆောင် ရွက်ချက်များကို မိတ်ဆက်ရှင်းလင်းခဲ့သည်။ ထို့နောက် မစ္စတာ ဝူကျီးချွင် နှင့်အဖွဲ့သည် ၎င်းတို့ ကုမ္ပဏီက မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ အကောင် အထည်ဖော်ဆောင်လျက်ရှိသည့် စီမံကိန်းများကို ရှင်းလင်းတင်ပြမှုပြုလုပ်ခဲ့သည်။

