အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera အား လက်ခံတွေ့ဆုံ(၂၂-၃-၂၀၂၃ ရက်)

(၂၂-၃-၂၀၂၃ ရက်၊ ‌နေပြည်တော်)

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera အား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်၊ ၀၉:၃၀ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် နိုင်ငံတော်အစိုးရ၏ ပြင်ဆင်ဆောင်ရွက်မှုများ၊ မြန်မာအစိုးရနှင့် ICRC တို့အကြား ပူးပေါင်း ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများအတွက် ညှိနှိုင်းဆောင်ရွက်ပေးနေမှုများအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

20230328 10

20230328 10

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့