ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr. Sajjad Mohammad Sajid အား လက်ခံတွေ့ဆုံ(၅-၂-၂၀၂၄ ရက်)

(၅-၂-၂၀၂၄ ရက်၊ နေပြည်တော်)

​ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr. Sajjad Mohammad Sajid အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်၊ ၁၀:၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် သွားရောက်ရန်ခက်ခဲသည့် နေရာဒေသများရှိ အကူအညီလိုအပ်သည့် ပြည်သူများထံသို့ လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးရေး နှင့် မြန်မာအစိုးရနှင့် ကုလသမဂ္ဂအေဂျင်စီများအကြား လူသားချင်းစာနာမှု အကူအညီပေးရေး နယ်ပယ်၌ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် UNOCHA ရုံး၏ ဒုတိယအကြီးအကဲများဖြစ်သည့် Ms. Danielle Parry နှင့် Ms. Kyoko Ono တို့ ပါဝင် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

20240207 01

20240207 01

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့