(၂၄-၁-၂၀၂၄ ရက်၊နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး ဖြစ်သူ Mr. Marcoluigi Corsi အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်၊ ၁၄၀၀နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။ထိုသို့ တွေ့ဆုံရာတွင် မြန်မာအစိုးရနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများအကြား အနာဂတ် တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။


