
(၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်၊ နေပြည်တော်)
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေအား အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်မည့် Mr. Daihei Mochizuki က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၈ ရက်၊ ၁၀၀၀ နာရီတွင် လာရောက်၍ ၎င်း၏ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်။
ခန့်အပ်လွှာပေးအပ်သည့်အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

