ယူဂန်ဒါနိုင်ငံ၊ ကမ်ပါလာမြို့၌ ကျင်းပခဲ့သည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၉) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကာလအတွင်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အာရပ်စော်ဘွားများပြည်ထောင်စု ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Min

(၂၁-၁-၂၀၂၄ ရက်၊ နေပြည်တော်)

ယူဂန်ဒါနိုင်ငံ၊ ကမ်ပါလာမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၉) ကြိမ်မြောက်ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အစည်းအဝေးကာလအတွင်း သီးခြားဆွေးနွေးပွဲအဖြစ် အာရပ်စော်ဘွားများပြည်ထောင်စု ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Minister of State Mr. Khalifa Shaheen Almarar နှင့် ၁၉-၁-၂၀၂၄ ရက်တွင်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Dr. Hasan Mahmud, MP နှင့် ယူဂန်ဒါ Minister of State for Foreign Affairs Hon. John Mulimba တို့နှင့် ၂၀-၁-၂၀၂၄ ရက်တွင်လည်းကောင်း ရန်ဇိုရီကွန်ဗင်းရှင်းစင်တာ၌ သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့သည်။

ထို့သို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ထည့်သွင်းရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် မြန်မာ-အာရပ်စော်ဘွားများပြည်ထောင်စု၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာ-ယူဂန်ဒါတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးပိုမိုတိုးတက်ခိုင်မာစေရေး၊ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

20240130 03

20240130 03

20240130 03

20240130 03

20240130 03

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့