(၁၆) ကြိမ်မြောက် International Travel Expo Ho Chi Minh City 2022 တွင် မြန်မာကိုယ်စားပြု ပြခန်းပါဝင်ပြသခဲ့ခြင်း

(၈-၉-၂၀၂၂ ရက်နေ့၊ ဟိုချီမင်းမြို့)

ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့၊ ပြည်သူ့ကော်မတီနှင့် ယဉ်ကျေးမှု၊ အားကစားနှင့် ခရီး သွားလာရေးလုပ်ငန်းဝန်ကြီးဌာနတို့၏ စီစဉ်မှုအရ (၁၆) ကြိမ်မြောက် International Travel Expo Ho Chi Minh City အား ၈-၉-၂၀၂၂ ရက်နေ့မှ ၁၀-၉-၂၀၂၂ ရက်နေ့အတွင်း “Growing Forward Together” ခေါင်းစဉ်ဖြင့် Saigon Exhibition & Convention Centre (SECC) တွင် ကျင်းပခဲ့ပါ သည်။ အဆိုပါပြပွဲတွင် နိုင်ငံပေါင်း (၂၅) နိုင်ငံမှ ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဆိုင်ရာ ပြခန်းပေါင်း (၂၅၆) ခုပါဝင်ပြသခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ စီစဉ်မှု ဖြင့် မြန်မာသံရုံး၊ ဟနွိုင်းမြို့မှ ကြီးကြပ်၍ မြန်မာနိုင်ငံကိုယ်စားပြုယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဆိုင်ရာ ပြခန်းတစ်ခန်း ပါဝင်ပြသခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အပါအဝင် နိုင်ငံတကာမှ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးများ၊ ဌာနဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ၊ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်းနှင့် သံရုံးကိုယ်စားလှယ်အဖွဲ့များ၊ Myanmar Tourism Marketing Association မှ တာဝန်ရှိသူများလည်းတက်ရောက်ခဲ့ကြောင်းနှင့် နိုင်ငံတကာ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ၊ စိတ်ပါဝင်စားသူများ (၂၀၀၀၀) ကျော် လာရောက်ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။

travel expo 2022 01

travel expo 2022 02

travel expo 2022 03

travel expo 2022 04

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့