အာဆီယံပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ် Initiative for ASEAN Integration-IAI သင်တန်းများအပေါ် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ (၂၁-၁-၂၀၂၅ရက်)

(၂၁-၁-၂၀၂၅ရက်၊ နေပြည်တော်)
၂၀၂၄ ခုနှစ်အတွင်း မြန်မာ-စင်ကာပူသင်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည့် Initiative for ASEAN Integration-IAI သင်တန်းများအပေါ် ပြန်လည်သုံးသပ်သည့် ညှိနှိုင်းအစည်းအဝေးကို ၂၁-၁-၂၀၂၅ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ညှိနှိုင်းအစည်းအဝေး၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်က အမှာစကားပြောကြားရာတွင် အာဆီယံတွင် မြန်မာနိုင်ငံ၏ အခန်းကဏ္ဍကို မြှင့်တင်ရန်၊ ပြည်တွင်းကဏ္ဍအသီးသီးမှ အချိတ်အဆက်မိမိ ညှိနှိုင်းဆောင်ရွက်ရန်၊ အာဆီယံ၏ ယန္တရားများမှတစ်ဆင့် မိမိတို့နိုင်ငံ၏ လူမှုအကျိုးစီးပွား၊ နိုင်ငံရဲ့မူဝါဒများနှင့် ဦးစားပေးအစီအစဉ်များကို အကောင်အထည်ဖော်နိုင်ရန် ကဏ္ဍအသီးသီးမှာ တာဝန်ရှိကြသည့် ဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရေး နည်းလမ်းများရှာဖွေကြရန် တိုက်တွန်းခဲ့သည်။
ဒုတိယဝန်ကြီးက အာဆီယံပေါင်းစည်းရေးဦးဆောင်ဦးရွက်ပြုမှုအစီအစဉ် Initiative for ASEAN Integration-IAI သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရန်အတွက် CLMV နိုင်ငံများကို ဦးတည်၍ ဖွံ့ဖြိုးရေးကို ဦးစားပေးဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်ဖြစ်ပြီး စင်ကာပူနိုင်ငံသည် အာဆီယံ၏ ဖွံ့ဖြိုးမှုဆိုင်ရာအကူညီများ၊ စွမ်းရည်မြှင့်တင်ရေးအတွက် အဓိကဦးစားပေးပံ့ပိုးလျက်ရှိကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း တက်ရောက်ခဲ့သော သင်တန်းများ၏ အားနည်းချက်/ အားသာချက်များကို ပြန်လည်သုံးသပ်ပြီး ၂၀၂၅ ခုနှစ်တွင် ဝန်ကြီးဌာနများ၏ လိုအပ်ချက်များနှင့်ကိုက်ညီသော ထိရောက်အကျိုးရှိသည့် သင်တန်းများအဆိုပြုရန် တိုက်တွန်းခဲ့ပါသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ အာဆီယံမဏ္ဍိုင်(၃)ရပ်အောက်ရှိ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း (၂၉)ခုမှ အဆင့်မြင့်အရာရှိကြီးများနှင့် အရာထမ်းများ စုစုပေါင်း (၅၂)ဦးခန့် တက်ရောက်ခဲ့ပါသည်။

20250121 01

20250121 01

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့