[email protected]  (84) (24) 3845 3369, 3823 2056

(၁၉-၁၂-၂၀၂၄ ရက်၊ ဗန်ကောက်)

ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရစ်ဆတ်ငီရမ်ဖုန် ၏ ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံနှင့် အိမ်နီး ချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံခြားရေး ဝန်ကြီးများ၏ အလွတ်သဘောညှိနှိုင်းဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့သည်။ အဆိုပါ အလွတ်သဘော ညှိနှိုင်းဆွေးနွေးပွဲအတွင်း တက်ရောက်လာကြသော နိုင်ငံခြားရေး ဝန်ကြီးများ၊ ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ်များသည် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ တိုက်ဖျက် နှိမ်နင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြသည်။ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဆွေးနွေးပွဲ အတွင်း နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများ ကို တက်ရောက်လာကြသည့်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များအား ရှင်းလင်း ပြောကြားခဲ့သည်။ အိမ်ရှင် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မစ္စတာ မာရစ်ဆတ်ငီရမ်ဖုန် က ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်လာကြသည့် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များကို ၁၉-၁၂-၂၀၂၄ ရက် နေ့လယ်ပိုင်းတွင် ဗန်ကောက်မြို့ရှိ Capella ဟိုတယ်၌ နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်၊ ဒေသစံတော်ချိန် (၁၄၀၀) နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ စွန်းဝေတုန်း နှင့်လည်းကောင်း၊ (၁၇၀၀) နာရီတွင် ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ ကြားဖြတ်အစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အကြံပေးပုဂ္ဂိုလ် မစ္စတာ မိုဟာမက် တိုဟိဒ် ဟူစိန် နှင့်လည်းကောင်း၊ ဒီဇင်ဘာလ ၁၉ ရက်၊ ဒေသစံတော်ချိန် (၁၃၃၀) နာရီတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ထောင်ဆာဗန် ဖုန်ဗီဟေး နှင့်လည်းကောင်း၊ (၁၄၃၀) နာရီတွင် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် မစ္စတာ ရှရီ ဗစ်ခရမ် မစ်ဆရီ နှင့်လည်းကောင်း၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ သီးခြားဆွေးနွေးပွဲတစ်ရပ် တက်ရောက်ရန်ရောက်ရှိနေသည့် ဖိလစ်ပိုင်သမ္မတ နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အန်ရစ် အေ မန်နလို နှင့် ဒေသစံတော်ချိန် (၁၇၁၅) နာရီတွင် လည်းကောင်း ဗန်ကောက်မြို့ရှိ Capella ဟိုတယ်၌ သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ တားဆီး နှိမ်နင်းရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး နှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရန် အတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ထို့ပြင် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေးနှင့် နှစ်နိုင်ငံ အကြား ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး စသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် ၁၉-၁၂-၂၀၂၄ ရက် (ကြာသပတေးနေ့)၊ ညနေပိုင်းတွင် လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သွားရောက်ကြိုဆို နှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။

20241219 01

20241219 01

20241219 01

20241219 01

20241219 01

20241219 01

20241219 01

Holidays For Months

08 February 2024
(Lunar New Year Day)


09 February 2024
(Lunar New Year Day)


12 February 2024
(Lunar New Year Day)


13 February 2024
(Lunar New Year Day)


14 February 2024
(Lunar New Year Day)