[email protected] (84) (24) 3845 3369, 3823 2056
(၉-၁၂-၂၀၂၄ ရက်၊ နေပြည်တာ်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် မြန်မာနိုင်ငံသို့ အလုပ် သဘောခရီးစဉ်ဖြင့် ရောက်ရှိနေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့အခြေစိုက် အာဆီယံ-တရုတ်စင်တာ၏ အတွင်းရေးမှူးချုပ် မစ္စတာ ရှေကျုံးကျွင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၉-၁၂-၂၀၂၄ ရက်၊ ၁၀:၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေးကို အပြန်အလှန်နားလည်မှု နှင့် ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ဖော်ဆောင်ရာတွင် အာဆီယံ-တရုတ် စင်တာအနေဖြင့် ဦးစားပေး နယ်ပယ်များဖြစ်သော ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍများအောက်မှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ် များအပေါ် ဆွေးနွေးပြောကြားခဲ့ပြီး အာဆီယံ-တရုတ်စင်တာမှ ၂၀၂၄ ခုနှစ်အတွင်း အောင်မြင် စွာဆောင်ရွက်နိုင်ခဲ့သည့် စီမံကိန်းများအပေါ် ဆွေးနွေးခဲ့ကြပါသည်။ ဒုတိယဝန်ကြီးက အာဆီယံ-တရုတ်စင်တာ၏ ပံ့ပိုးမှုဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သံတမန်ငယ်များအား တရုတ်ဘာသာစကား သင်တန်းကို အွန်လိုင်းမှ တစ်ဆင့်ဖွင့်လှစ်သင်ကြား ပေးမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်ဘာသာစကားသင်ကြားပေးမည့် တရုတ်နိုင်ငံမှ ဆရာများပါဝင်သည့် Mobile Training Team မှ မြန်မာနိုင်ငံသို့ စေလွှတ်သင်ကြားပေးနိုင်မည့် အခြေအနေကိုလေ့လာသွားစေလိုကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်မြှင့်တင်မှု ဆိုင်ရာသင်တန်းများ၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ နည်းပညာ မြှင့်တင်ရေးတို့တွင် အာဆီယံ-တရုတ်စင်တာနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ပါသည်။ အာဆီယံ-တရုတ်စင်တာ အတွင်းရေးမှူးချုပ်က အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံ ရေးကို တိုးမြှင့်ဆောင်ရွက်ရာ၌ မြန်မာနိုင်ငံ၏ အရေးပါသည့် အခန်းကဏ္ဍကို အသိအမှတ်ပြုပါ ကြောင်းနှင့် အာဆီယံ-တရုတ်စင်တာ၏ လုပ်ငန်းအစီအစဉ်များနှင့် ပူးတွဲဦးဆောင်ဦးရွက်ပြုမှုများ တွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။ ဒုတိယ ဝန်ကြီးနှင့် အတွင်းရေးမှူးချုပ်တို့သည် အာဆီယံ-တရုတ်စင်တာ၏ ပြည်သူများအကြားဖလှယ်ရေး အစီအစဉ်များမှ တစ်ဆင့် အာဆီယံနှင့် တရုတ်နိုင်ငံပြည်သူလူထုတို့အကြား အပြန်အလှန် နားလည်မှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်းသိရှိရပါသည်။
08 February 2024
(Lunar New Year Day)
09 February 2024
(Lunar New Year Day)
12 February 2024
(Lunar New Year Day)
13 February 2024
(Lunar New Year Day)
14 February 2024
(Lunar New Year Day)