[email protected]  (84) (24) 3845 3369, 3823 2056

20241007 01

(၇-၁၀-၂၀၂၄ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အသစ်ခန့်အပ်လိုက်သည့် အရာထမ်းငယ်များအတွက် သံတမန်ရေးရာသင်တန်း အမှတ်စဉ်(၈/၂၀၂၄)၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက် (တနင်္လာနေ့)၊ နံနက်(၁၀:၀၀)နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်) ရှိ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးတက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဝါရင့်သံတမန်များ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါသင်တန်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ အသစ်ခန့်အပ်လိုက်သည့် ဌာနစုမှူး-၂/ အရာထမ်းငယ် (၃၀) ဦးတို့အား ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီး၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ သံတမန်ရေးရာများ၊ နှစ်နိုင်ငံဆက်ဆံရေး၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဒေသတွင်းအဖွဲ့အစည်းများဆိုင်ရာကိစ္စရပ်များ၊ အာဆီယံရေးရာကိစ္စရပ်များ၊ ကောင်စစ်ရေးရာကိစ္စရပ်များ၊ နိုင်ငံတကာရေးရာများ၊ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်များ၊ အပြည်ပြည်ဆိုင်ရာဥပဒေဘာသာရပ်များ၊ စီးပွားရေးဆိုင်ရာများနှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှု Skill များ စသည့်ဘာသာရပ်များကို သင်တန်းကာလ ရက်သတ္တ (၁၂) ပတ်ကြာဖြင့် ရုံးချိန်အတွင်း လုပ်ငန်းခွင်မပျက် စာတွေ့/လက်တွေ့ အချိန်ပိုင်းသင်ကြားပို့ချသွားမည်ဖြစ်ပါသည်။

20241007 02

Holidays For Months

08 February 2024
(Lunar New Year Day)


09 February 2024
(Lunar New Year Day)


12 February 2024
(Lunar New Year Day)


13 February 2024
(Lunar New Year Day)


14 February 2024
(Lunar New Year Day)