[email protected]  (84) (24) 3845 3369, 3823 2056

တတိယအကြိမ်မြောက် အေစီဒီထိပ်သီးအစည်းအဝေးအတွင်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကာဂျစ် ဒုတိယဝန်ကြီးချုပ်၊ နီပေါနိုင်ငံခြားရေးဝန်ကြီးတို့နှင့် ဒိုဟာမြို့၌ သီးခြားစီတွေ့ဆုံ (၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်၊ ဒိုဟာမြို့)

(၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်၊ ဒိုဟာမြို့)

တတိယအကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်ရန် ဒိုဟာမြို့သို့ ရောက်ရှိနေသည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃ ရက် ဒေသစံတော်ချိန် ၁၃၀၀ နာရီတွင် ကာဂျစ်သမ္မတနိုင်ငံ၊ ဒုတိယ ဝန်ကြီးချုပ် မစ္စတာအီဒေးဘိုင်ဆလော့ဗ်နှင့်လည်းကောင်း၊ ၁၃၃၀ နာရီတွင် နီပေါနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အာဇူရာနာဒူဘာနှင့်လည်းကောင်း ဒိုဟာမြို့ရှိ ရစ်ကာလ်တန်ဟိုတယ်၌ သီးခြားစီ တွေ့ဆုံခဲ့သည်။

ကာဂျစ်ဒုတိယဝန်ကြီးချုပ် နှင့်တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ထည့်သွင်းရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် မြန်မာ-ကာဂျစ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက် ခိုင်မာစေရေး၊ ကုလသမဂ္ဂနှင့်အေစီဒီအဖွဲ့တွင်း ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် ဒေသတွင်းနှင့်နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် နီပေါနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနှင့်နီပေါနှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံအကြား ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ၌ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ ကျောင်းသားဖလှယ်ရေးအစီအစဉ်များ ဖော်ထုတ်ရေး၊ အေစီဒီနှင့် ဘင်းမ်စတက်မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များအပေါ် ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် တရားမဝင်မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများအား တိုက်ဖျက်ရေးနှင့် အွန်လိုင်းလိမ်လည်မှုများပပျောက်ရေးအပေါ် မြန်မာနိုင်ငံမှ ဆောင်ရွက်နေမှုများကို ထည့်သွင်းရှင်းလင်းပြောကြားခဲ့သည်။

ကာဂျစ်နှင့် နီပေါ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များဖြစ်ကြသည့် ကာတာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ယုနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့သည်။

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တတိယအကြိမ် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ၏ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဒိုဟာမြို့သို့အသွား ဗန်ကောက်မြို့၌ ခရီးတစ်ထောက်ရပ်နားစဉ် ၁-၁၀-၂၀၂၄ ရက် ဒေသစံတော်ချိန် ၁၄၀၀ နာရီတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရစ်ဆတ်ငီယမ်ဖုန်နှင့် ဗန်ကောက်မြို့ရှိ အင်တာကွန်တီနန်တယ်လ်ဟိုတယ်၌ တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေ ပါဝင်တက်ရောက်ခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာနှင့်ထိုင်းနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ အေစီဒီ၊ အာဆီယံနှင့် ဘင်းမ်စတက်မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များအပေါ် ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် လာမည့် ၂၀၂၅ ခုနှစ်တွင် အေစီဒီဥက္ကဋ္ဌအဖြစ် တာဝန်လွှဲပြောင်းထမ်းဆောင်မည့် ထိုင်းနိုင်ငံ၏ အရေးပါသည့်အခန်းကဏ္ဍအပေါ် ကြိုဆိုကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် လိုက်ပါလာသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းသည် ထိပ်သီးအစည်းအဝေးကာလအတွင်း အောက်တိုဘာလ ၂ ရက်က ကျင်းပခဲ့သည့် စီးပွားရေးဖိုရမ် နှင့် စီးပွားရေးဆိုင်ရာ အစည်းအဝေးများ (B2B Meetings) သို့ တက်ရောက်ကာ၊ စီးပွားရေးဖိုရမ်၌ မိန့်ခွန်းတစ်ရပ် ပါဝင်ပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးသည် ၎င်း၏မိန့်ခွန်း၌ အေအိုင်/ဉာဏ်ရည်တုနည်းပညာ၊ ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့်သက်ဆိုင်သည့် စီးပွားရေးပုံစံသစ်များနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့သည်။

အလားတူ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးသည် အောက်တိုဘာလ ၂ ရက်က ကျင်းပခဲ့သည့် အားကစားဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ကာ ဆွေးနွေးပြောကြားခဲ့သည်။

20241009 06

20241009 06

20241009 06

20241009 06

20241009 06

20241009 06

20241009 06

20241009 06

20241009 06

Holidays For Months

08 February 2024
(Lunar New Year Day)


09 February 2024
(Lunar New Year Day)


12 February 2024
(Lunar New Year Day)


13 February 2024
(Lunar New Year Day)


14 February 2024
(Lunar New Year Day)