[email protected]  (84) (24) 3845 3369, 3823 2056

20241001 03

(၁-၁၀-၂၀၂၄ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ် Mr. Jan Miskoc အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၊ နံနက် ၁၁:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ ICRC မှ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် အကူအညီ လိုအပ်သူများထံသို့ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

20241001 04

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် ICRC ရုံးမှ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူးဖြစ်သူ Mr. Henning Krause တို့ ပါဝင် တက်ရောက်ခဲ့ကြသည်။

Holidays For Months

08 February 2024
(Lunar New Year Day)


09 February 2024
(Lunar New Year Day)


12 February 2024
(Lunar New Year Day)


13 February 2024
(Lunar New Year Day)


14 February 2024
(Lunar New Year Day)