[email protected]  (84) (24) 3845 3369, 3823 2056

20240923 01

(၂၃-၉-၂၀၂၄ ရက်၊ ရန်ကုန်)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုူကို ၂၃-၉-၂၀၂၄ ရက် (တနင်္လာနေ့)၊ ၁၁:၀၀ နာရီအချိန်တွင် ရန်ကုန်မြို့ရှိ မြန်မာ နိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။ အဆိုပါဆွေးနွေးပွဲတွင် လက်ရှိနိုင်ငံတကာအခင်းအကျင်းများ၊ နိုင်ငံတကာလတ်တလော ဖြစ်ပေါ်တိုးတက်မှုများ၊ ပြည်တွင်းနိုင်ငံရေးအခြေအနေနှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံ တကာလေ့လာရေးအဖွဲ့၏ ဦးစားပေးဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးအမှာစကားပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ အဖွဲ့၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများနှင့် နိုင်ငံတကာနှင့် ပြည်တွင်း ရေး အခြေအနေတို့နှင့်စပ်လျဉ်း၍ အသိပညာရှင်များရှု့ထောင့်မှ ဆွေးနွေးတင်ပြခဲ့ကြပါသည်။ ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နိုင်ငံ တကာ၊ ဒေသတွင်းနှင့် ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုများ ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

*****************************************

20240923 02

Holidays For Months

08 February 2024
(Lunar New Year Day)


09 February 2024
(Lunar New Year Day)


12 February 2024
(Lunar New Year Day)


13 February 2024
(Lunar New Year Day)


14 February 2024
(Lunar New Year Day)