[email protected]  (84) (24) 3845 3369, 3823 2056

(၆-၉-၂၀၂၄ ရက်၊ နေပြည်တော်)

ပြည်ပသို့သွားရောက်တာဝန်ထမ်းဆောင်ကြမည့် ဌာနခွဲစာရေးများအတွက် နိုင်ငံခြားရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၅/၂၀၂၄)၏ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက် (သောကြာနေ့)၊ နံနက်(၁၀:၀၀)နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန(နေပြည်တော်)ရှိ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဦးသန်းဆွေ တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသူ/သား(၃၆)ဦးတို့ တက်ရောက် ခဲ့ကြပါသည်။

အဆိုပါသင်တန်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာနရှိ ဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီး၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ နိုင်ငံခြားရေးမူဝါဒအပါအဝင် နိုင်ငံတော်၏မူဝါဒများနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ သံတမန်ရေးရာများ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ လုပ်ငန်းနှင့်ဆက်စပ်သည့် ဘာသာရပ်ဆိုင်ရာများကို အငြိမ်းစားသံအမတ်ကြီးများ၊ ဝါရင့်သံတမန်ကြီးများအပြင် ဆက်စပ်ဌာနများမှ တာဝန်ရှိ သူများက သင်တန်းကာလ ရက်သတ္တ(၈)ပတ်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးခဲ့ပါသည်။

20240911 14

20240911 14

20240911 14

20240911 14

20240911 14

Holidays For Months

08 February 2024
(Lunar New Year Day)


09 February 2024
(Lunar New Year Day)


12 February 2024
(Lunar New Year Day)


13 February 2024
(Lunar New Year Day)


14 February 2024
(Lunar New Year Day)