[email protected]  (84) (24) 3845 3369, 3823 2056

(၂၅-၇-၂၀၂၄ ရက်၊ နေပြည်တော်)

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ၂၅-၇-၂၀၂၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် (၅၇)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး (မျက်နှာစုံညီ အစည်းအဝေး)နှင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများသီးသန့်အစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့တက်ရောက်ခဲ့သည်။

အဆိုပါ (၅၇)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံအဆင့်မြင့် အရာရှိကြီးများနှင့် အာဆီယံအတွင်း‌ရေးမှူးချုပ်တို့တက်ရောက်ခဲ့ပြီး တီမောလက်စ်တေနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးက လေ့လာသူနိုင်ငံအဖြစ်ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါအာဆီယံအစည်းအဝေးများတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံမှ ၂၀၂၄ ခုနှစ် အတွင်း ဦးစားပေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကိစ္စ၊ အာဆီယံ အသိုက်အဝန်း ၂၀၄၅ မျှော်မှန်းချက် ရေးဆွဲလျက်ရှိသည့်ကိစ္စ၊ အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်သို့ ဝင်ရောက်လက်မှတ်ရေးထိုးရန် လျှောက်ထားသည့်နိုင်ငံများကိစ္စ၊ (၄၄)ကြိမ်နှင့် (၄၅)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများ ကျင်းပပြုလုပ်မည့်ကိစ္စ၊ အာဆီယံ၏ ပြင်ပဆက်ဆံရေး တိုးမြှင့်ရေးကိစ္စနှင့် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။

မျက်နှာစုံညီအစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ လာအိုနိုင်ငံ၏ ဦးစားပေးလုပ်ငန်းများကို ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံအနေဖြင့် အာဆီယံအသိုက်အဝန်းတည်ထောင်ရေး လုပ်ငန်းစဉ်များတွင် အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆွေးနွေးခဲ့သည်။ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများသီးသန့်အစည်းအဝေးတွင် မြန်မာနိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများ၊ နိုင်ငံတော်အစိုးရ၏ လမ်းပြမြေပုံ (၅)ရပ်နှင့် ချိတ်ဆက်၍ အာဆီယံတူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိသည့် အခြေအနေများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအာဆီယံအစည်းအဝေးများသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်၊ လာအိုပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီး ဌာနမှ တာဝန်ရှိအရာထမ်းများ တက်ရောက်ခဲ့ပါသည်။

20240730 25

Holidays For Months

08 February 2024
(Lunar New Year Day)


09 February 2024
(Lunar New Year Day)


12 February 2024
(Lunar New Year Day)


13 February 2024
(Lunar New Year Day)


14 February 2024
(Lunar New Year Day)