[email protected] (84) (24) 3845 3369, 3823 2056
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက တရုတ်နိုင်ငံ အမျိုးသားပြည်သူ့ ကွန်ဂရက်၊ အမြဲတမ်းကော်မတီ၊ ဒုတိယဥက္ကဋ္ဌ မစ္စတာ တင်းကျုံ့လီ၊ ယူနန်ပြည်နယ်ကော်မတီ၊ ဒုတိယအတွင်းရေးမှူးနှင့် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဝမ်ယွိပေါ် တို့နှင့် နှစ်နိုင်ငံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့(၂၅-၇-၂၀၂၄ ရက်)
(၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်)
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တို့ ဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့သို့ရောက်ရှိစဉ် ၂၃−၇−၂၀၂၄ ရက်၊ ၁၁၀၀ နာရီတွင် တျန်းချီ (Dianchi) အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းနှင့် ပြပွဲ စင်တာရှိ အစည်းအဝေးခန်းမ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ (၁၄)ကြိမ်မြောက် အမျိုးသား ပြည်သူ့ကွန်ဂရက်၊ အမြဲတမ်းကော်မတီ၏ ဒုတိယဥက္ကဋ္ဌ မစ္စတာ တင်းကျုံ့လီ ဦးဆောင်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့နှင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးမှုတွင် မြန်မာ−တရုတ် နှစ်နိုင်ငံအကြားတည်ရှိပြီး ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးကိစ္စ၊ နှစ်နိုင်ငံအကြား ဖွံ့ဖြိုးမှုအခွင့်အလမ်းများနှင့် အေးအတူပူအမျှ အသိုက်အဝန်းဖော်ဆောင်ရေးကိစ္စ၊ အဆင့်မြင့်အရာရှိကြီးများ၏ အပြန်အလှန် ခရီးစဉ်များ ပိုမိုပြုလုပ်သွားရေးကိစ္စ၊ နှစ်နိုင်ငံအကြား ဘုံအကျိုးစီးပွားဖော်ဆောင်နိုင်မည့် စီမံကိန်းများကို ဆောလျင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားရေးကိစ္စ၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် အပြုသဘောဆက်လက်ကူညီသွားရေးကိစ္စ၊ မြန်မာ−တရုတ် နယ်စပ်ဒေသ တစ်လျှောက် တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှု တိုက်ဖျက်ရေးကိစ္စ၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပုံမှန်ပြန်လည်ပြုလုပ်သွားရေးကိစ္စ တို့ကို အလေးထားဆွေးနွေးခဲ့ကြသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် အဆိုပါနေ့ ညနေ ၁၇၀၀ နာရီတွင် ဟိုင်းကန်းဥယျာဉ် ဟိုတယ် (Haigeng Garden Hotel) ၌ တရုတ်ပြည်သူ့ကွန်ဂရက်၊ ယူနန်ပြည်နယ်ကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဝမ်ယွိပေါ် ဦးဆောင်သည့် ယူနန်ကိုယ်စားလှယ်အဖွဲ့နှင့်လည်း နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေး၌ မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဖော်ဆောင်သွားရေးအတွက် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် မစ္စတာ ဝမ်ယွိပေါ် က မြန်မာကိုယ်စားလှယ်အဖွဲ့အား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
08 February 2024
(Lunar New Year Day)
09 February 2024
(Lunar New Year Day)
12 February 2024
(Lunar New Year Day)
13 February 2024
(Lunar New Year Day)
14 February 2024
(Lunar New Year Day)