[email protected] (84) (24) 3845 3369, 3823 2056
(၁၃-၆-၂၀၂၄ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အာဆီယံ-တရုတ်စင်တာ (ASEAN-China Centre) တို့ ပူးပေါင်း ဆောင်ရွက်သည့် တရုတ်ဘာသာစကားသင်တန်း၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၁၃-၆-၂၀၂၄ ရက်၊ ၁၃:၃၀ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အာဆီယံ-တရုတ်စင်တာ၊ အတွင်းရေးမှူးချုပ်၊ H.E. Mr. Shi Zhoungjun နှင့် တာဝန်ရှိသူများ၊ Center of Language Education and Cooperation မှ တာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား/သူများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အဆိုပါသင်တန်းကို အွန်လိုင်းစနစ်ဖြင့် (၆) လကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ အရာထမ်း/ အမှုထမ်း (၂၇) ဦးတို့ ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။
08 February 2024
(Lunar New Year Day)
09 February 2024
(Lunar New Year Day)
12 February 2024
(Lunar New Year Day)
13 February 2024
(Lunar New Year Day)
14 February 2024
(Lunar New Year Day)