[email protected]  (84) (24) 3845 3369, 3823 2056

(၆-၃-၂၀၂၄ ရက်၊ နေပြည်တော်)

20240306 news

နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အသစ်ခန့်အပ်လိုက်သည့် အမှုထမ်းငယ်များအတွက် အခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂/၂၀၂၄) ၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မတ်လ ၆ ရက် (ဗုဒ္ဓဟူးနေ့)၊ နံနက် (၁၀:၀၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်) ရှိ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး တက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါသင်တန်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာနရှိ ဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီး၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ သံတမန်ရေးရာများ၊ နှစ်နိုင်ငံဆက်ဆံရေး၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဒေသတွင်းအဖွဲ့အစည်းများဆိုင်ရာ ကိစ္စရပ်များ၊ အာဆီယံရေးရာ ကိစ္စရပ်များ၊ ကောင်စစ်ရေးရာကိစ္စရပ်များ၊ အခြေခံရုံးလုပ်ငန်းများ၊ အုပ်ချုပ်ရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ ကွန်ပျူတာလက်တွေ့အသုံးချခြင်းဆိုင်ရာများ စသည့်ဘာသာရပ်များကို သင်တန်းကာလ ရက်သတ္တ (၄) ပတ်ကြာဖြင့် စာတွေ့/လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Holidays For Months

08 February 2024
(Lunar New Year Day)


09 February 2024
(Lunar New Year Day)


12 February 2024
(Lunar New Year Day)


13 February 2024
(Lunar New Year Day)


14 February 2024
(Lunar New Year Day)