[email protected] (84) (24) 3845 3369, 3823 2056
(၂၀-၇-၂၀၂၃ ရက်၊ နေပြည်တော်)
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဗီနေး ကူးမားအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်၊ (၁၁၀၀) နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ဆိုင်ကလုန်း မိုခါဒဏ်သင့်ဒေသများအတွက် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှု အကူအညီ လှူဒါန်းခဲ့မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အတွက် လိုအပ်သည့် ဆောက်လုပ်ရေးပစ္စည်းများ အကူအညီပေးရေး၊ အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်သွားနိုင်ရေးနှင့် ဆန်နှင့် ပဲအမျိုးမျိုးကို အိန္ဒိယနိုင်ငံသို့ တင်ပို့နိုင်ရေးတို့အတွက် အလားအလာများ ရှာဖွေသွားရေး၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမ စီမံကိန်း အကောင်အထည်ဖော်နေမှုကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
08 February 2024
(Lunar New Year Day)
09 February 2024
(Lunar New Year Day)
12 February 2024
(Lunar New Year Day)
13 February 2024
(Lunar New Year Day)
14 February 2024
(Lunar New Year Day)