[email protected] (84) (24) 3845 3369, 3823 2056
(၂၃-၃-၂၀၂၃ရက်၊နေပြည်တော်)
မတ်လ (၂၃) ရက်နေ့တွင်ကျရောက်သောမဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု တည်ထောင်ခြင်း(၇) နှစ်မြောက်နှစ်ပတ်လည်နေ့ကိုဂုဏ်ပြုသော အထိမ်းအမှတ်အခမ်းအနား အဖြစ်မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေစီမံကိန်းများ၏ အောင်မြင်မှုပြပွဲနှင့် ဧည့်ခံပွဲအခမ်းအနားကို နိုင်ငံခြားရေးဝန်ကြီး ဌာနက နေပြည်တော်ရှိ M-Gallery ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူး စီမံကိန်းများအကောင်အထည်ဖော်ခဲ့သည့်ဝန်ကြီးဌာနများမှပြည်ထောင်စုဝန်ကြီးများ၊ဒုတိယဝန်ကြီးများ၊မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံအမတ်ကြီး များနှင့်သံတမန်များ၊နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့် အရာရှိကြီးများပါဝင်တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားအစီအစဉ်အရနိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့်မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင် နိုင်ငံသံရုံးများမှ သံအမတ်ကြီးများက မြန်မာနိုင်ငံတွင်ဆောင်ရွက်ခဲ့သည့်မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်းများ၏အောင်မြင်မှုပြပွဲကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ထို့နောက်ဧည့်သည်တော်ကြီးများသည်ပြပွဲအတွင်း မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဝန်ကြီး ဌာန(၁၇)ခုကပူးပေါင်းဆောင်ရွက်မှုဧရိယာ (၃၄) ခု၌ အကောင်အထည်ဖော်ခဲ့သည့် စီမံကိန်း (၉၂)ခုမှ ရလဒ်များပြသထားမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပါသည်။
ဆက်လက်၍ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု၏ (၇) နှစ်မြောက် နှစ်ပတ် လည်နေ့အထိမ်းအမှတ်ဧည့်ခံပွဲကိုအဆိုပါဟိုတယ်၌ဆက်လက်ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မိန့်ခွန်း ပြောကြားခဲ့ရာ ဒေသတွင်း အလုံးစုံပါဝင်ဖွံ့ဖြိုးတိုးတက်မှုအတွက်ဆောင်ရွက်ရာတွင်မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုမှရရှိသည့်အကျိုးကျေးဇူးများ၊ မြန်မာပြည်သူများ အတွက် အထူးရန်ပုံငွေစီမံကိန်းများမှတဆင့် အထောက်အကူပြုမှုများ၊ ဒေသတွင်းငြိမ်းချမ်းမှု ထိန်း သိမ်းရေးနှင့်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက်ပူးပေါင်းဆောင်ရွက်ရာတွင်မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏မူဝါဒများ၏ အရေးပါမှုတို့ကိုထည့်သွင်းပြောကြားခဲ့ပြီး၊ အထူး ရန်ပုံငွေထောက်ပံ့သည့်တရုတ်ပြည်သူ့သမ္မတနိုင်ငံအားကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးမစ္စတာချန်းဟိုင်ကလည်းအထိမ်းအမှတ်မိန့်ခွန်းပြောကြားခဲ့သည်။
ထို့နောက်ဧည့်ခံပွဲအခမ်းအနားသို့တက်ရောက်လာကြသည့်ဧည့်သည်တော်ကြီးများကစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း၊မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု (၇) နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်ဗွီဒိယိုမှတ်တမ်းတိုပြသမှုကိုကြည့်ရှုခြင်းတို့ကိုပြုလုပ်ခဲ့ကြပါသည်။ထို့နောက်ညစာစားပွဲအားဆက်လက်ကျင်းပခဲ့ရာအနုပညာဦးစီးဌာနမှအနုပညာရှင်များကဖျော်ဖြေတင်ဆက်ခဲ့ကြပြီးနိုင်ငံတော်ဒုတိယဝန်ကြီးချုပ်နှင့်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်း၊နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့်တရုတ်သံအမတ်ကြီးမစ္စတာချန်းဟိုင်တို့ကဂုဏ်ပြုလက်ဆောင်ပန်းခြင်းများပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုကို၂၀၁၆ခုနှစ်၊ မတ်လ၂၃ရက်နေ့တွင် ဒေသ တွင်း ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်သွားရန်ရည်ရွယ်၍ စတင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး၊အဖွဲ့ဝင်များအဖြစ် ကမ္ဘောဒီးယား၊တရုတ်၊လာအို၊မြန်မာ၊ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ပါဝင်ပါသည်။လက်ရှိတွင်မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ပူးတွဲဥက္ကဋ္ဌများအဖြစ် ပူးတွဲထမ်းဆောင်လျက်ရှိပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၃ခုနှစ်၊မတ်လ၂၃ရက်
08 February 2024
(Lunar New Year Day)
09 February 2024
(Lunar New Year Day)
12 February 2024
(Lunar New Year Day)
13 February 2024
(Lunar New Year Day)
14 February 2024
(Lunar New Year Day)