[email protected] (84) (24) 3845 3369, 3823 2056
(၁၄-၁၀-၂၀၂၁ ရက် ၊ နေပြည်တော်)
၂၄-၄-၂၀၂၁ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ ပြုလုပ်ခဲ့သည့် အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးအတွင်း သဘောတူညီခဲ့သည့် တူညီဆန္ဒ(၅)ရပ် အကောင် အထည်ဖော်မှုကို မြန်မာနိုင်ငံသည် အပြုသဘောဖြင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အဆိုပါတူညီဆန္ဒ (၅) ရပ်အပေါ် မြန်မာနိုင်ငံ၏ သဘောထားကို ၂၆-၄-၂၀၂၁ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်ပြီး အသိပေးပြီး ဖြစ်ပါ သည်။
တူညီဆန္ဒ (၅) ရပ်တွင် ပါရှိသည့် အထူးကိုယ်စားလှယ် ခန့်အပ်ခြင်းကိစ္စကို ၄-၈-၂၀၂၁ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ဆွေးနွေးခဲ့ရာ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး (၂) ဒါတိုဆရီအီရဝန်ပီဟင်ယူဆွတ်အား ခန့်အပ်ခြင်းကို မြန်မာ နိုင်ငံက အပြုသဘော ပူးပေါင်းဆောင်ရွက်သည့်အနေဖြင့် သဘောတူလက်ခံခဲ့ပါသည်။
ထို့အပြင်တူညီဆန္ဒ (၅) ရပ်တွင်ပါရှိသည့် အာဆီယံမှတစ်ဆင့်ပေးအပ်မည့် လူသားချင်း စာနာထောက်ထားသည့် အကူအညီများကို မြန်မာနိုင်ငံမှ လက်ခံပြီး လိုအပ်သူများထံ ဖြန့်ဖြူး ရေးကိစ္စကိုလည်း မြန်မာနိုင်ငံက ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
၄-၈-၂၀၂၁ ရက်နေ့ အစည်းအဝေးတွင် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး(၂)အား အာဆီယံ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ပြီးနောက် မြန်မာနိုင်ငံသည် အထူးကိုယ်စားလှယ် နှင့် ပုံမှန် ထိတွေ့ ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပါသည်။
အထူးကိုယ်စားလှယ်သည် ၁၁-၁၀-၂၀၂၁ မှ ၁၄-၁၀-၂၀၂၁ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်လိုကြောင်း၊ အဆိုပါခရီးစဉ်တွင် ၎င်းတွေ့ဆုံလိုသူများ၏အမည်နှင့် မြန်မာဘက်က ဆောင်ရွက် ပေးရမည့်ကိစ္စများကို ဖော်ပြသည့် ပေးစာကို မြန်မာဘက်သို့ ၂-၁၀-၂၀၂၁ ရက်နေ့ တွင် ပေးပို့ခဲ့ပါသည်။
မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ၇-၁၀-၂၀၂၁ ရက်စွဲပါစာဖြင့် မြန်မာဘက်မှ စီစဉ်ဆောင်ရွက်ပေးနိုင်မည့် ခရီးစဉ်ကို အထူးကိုယ်စားလှယ်ထံသို့ ပြန်လည်ပေးပို့ခဲ့ပါသည်။ အထူးကိုယ်စားလှယ်က ၈-၁၀-၂၀၂၁ ရက်စွဲပါစာဖြင့် ၎င်း၏ မူလတောင်းဆိုချက်ပါအတိုင်း မြန်မာဘက်မှ ဆောင်ရွက်ပေးရန် စာပြန်လည် ပေးပို့ခဲ့ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၊ နိုင်ငံခြား ရေးဝန်ကြီးဌာနက ၉-၁၀-၂၀၂၁ ရက်စွဲပါစာဖြင့် မြန်မာ ဘက်က လိုက်လျောမှုအချို့ ပြုလုပ်ပြီး ပြန်လည်ပြင်ဆင်ပေးထားသည့် ခရီးစဉ် အစီအစဉ်သစ်တစ်ခုကို အထူး ကိုယ်စားလှယ်ထံ ပေးပို့ခဲ့ ပါသည်။ အထူးကိုယ်စားလှယ်က ၁၁-၁၀-၂၀၂၁ ရက်စွဲပါစာဖြင့် ၎င်း၏ မူလတောင်းဆိုချက်များ အတိုင်းသာ ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သောကြောင့် မြန်မာဘက်က ၁၁-၁၀-၂၀၂၁ ရက်စွဲ ပါစာဖြင့် ခရီးစဉ် ဖြစ်မြောက်ရေးအတွက် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးထားကြောင်းကို ရှင်းလင်းဖော်ပြသည့် ပြန်ကြားစာပေးပို့ခဲ့ပါသည်။
အထူးကိုယ်စားလှယ်က ၁၂-၁၀-၂၀၂၁ ရက်စွဲပါစာဖြင့် ၎င်း၏ မူလတောင်းဆိုချက်များ အတိုင်း ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သောကြောင့် မြန်မာဘက်က ၁၂-၁၀-၂၀၂၁ ရက်စွဲပါ စာဖြင့် မိမိဘက်မှ လိုက်လျောပေးထားမှုနှင့် အခြေအနေများကို အထူးကိုယ်စား လှယ်ဘက်သို့ ပြန်ကြားခဲ့ပါသည်။
၁၂-၁၀-၂၀၂၁ ရက်နေ့တွင် အထူးကိုယ်စားလှယ်က သတင်းထုတ်ပြန်ချက်တစ်ရပ်ပြုလုပ် ပြီး မြန်မာနိုင်ငံသို့ လာရောက်ရာတွင် သက်ဆိုင်သူများအားလုံးနှင့် တွေ့ဆုံခွင့်ရရန် လိုအပ် ကြောင်းကို ဖော်ပြခဲ့ပါသည်။
မြန်မာနိုင်ငံအနေဖြင့် အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ် ဖြစ်မြောက်ရေးအတွက် လိုက်လျောမှုများကို အတတ်နိုင်ဆုံး ဆောင်ရွက်ပေးခဲ့ပါသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကို အလေးပေးဆောင်ရွက်နေရချိန်ဖြစ်သောကြောင့် အချို့ကိစ္စရပ်များကို ဆောင်ရွက်ပေးရန်မှာ အခက်အခဲရှိသကဲ့သို့ အချို့ ကိစ္စရပ်များသည် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်သောကြောင့် ယင်းတို့ကို အထူးကိုယ်စားလှယ်နှင့် အခြားနိုင်ငံများမှ နားလည်ပေးရန် လိုအပ်ပါသည်။
အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံသို့ လာရောက်မည့် ပထမဆုံးခရီးစဉ်တွင် နှစ်ဖက် ယုံကြည်မှု တည်ဆောက်ရေးကိစ္စကိုသာ အထူးကိုယ်စားလှယ်မှ အလေးပေးဆောင်ရွက်သင့်ပြီး မြန်မာနိုင်ငံဘက်ကလည်း ၎င်းနှင့် အစိုးရတာဝန်ရှိသူများအပြင် တွေ့ဆုံသင့်သူများကို တွေ့ဆုံ နိုင်ရန်စီစဉ်ပေးထားပြီးဖြစ်ပါသည်။
သို့ပါ၍ အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံသို့ မကြာမီကာလအတွင်း လာရောက် နိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။
အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံခရီးစဉ် ဖြစ်မြောက်ရေးအတွက် ဆောင်ရွက် ရာတွင် အာဆီယံ၏အခြေခံမူများ၊ အာဆီယံပဋိညာဉ်နှင့် အာဆီယံစိတ်ဓါတ်တို့ကို အခြေခံပြီး ဘက်လိုက်မှုမရှိဘဲ ဆောင်ရွက်မည်ဟု ပြောကြားထားသည်ကို ကြိုဆိုပါကြောင်းနှင့် မြန်မာနိုင်ငံ အပေါ် နိုင်ငံရေးဦးတည်ချက်နှင့် ဖိအားပေးသည့် နည်းလမ်းများဖြင့် ဆောင်ရွက်လိုသူများ၏ လုပ်ဆောင်မှုများကို ရှောင်ရှားနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ဖော်ပြအပ်ပါသည်။
08 February 2024
(Lunar New Year Day)
09 February 2024
(Lunar New Year Day)
12 February 2024
(Lunar New Year Day)
13 February 2024
(Lunar New Year Day)
14 February 2024
(Lunar New Year Day)