[email protected] (84) (24) 3845 3369, 3823 2056
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ Service Department for Diplomatic Corps မှဦးစီး၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော 2020 International Food Festival အခမ်းအနားကို ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ သံတမန်အိမ်ယာဝင်း၌ ၆-၁၂-၂၀၂၀ ရက် (တနင်္ဂနွေနေ့) တွင်ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ သံရုံး၊ ဟနွိုင်းမြို့မှ သံအမတ်ကြီးဦးကျော်စိုးဝင်း၊ သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များပါဝင်ဆင်နွဲခဲ့ ပါသည်။ အဆိုပါပွဲအခမ်းအနားကို ဗီယက်နမ်ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Pham Binh Minh ၏ ဇနီးဖြစ်သူ AWCH ၏ဂုဏ်ထူးဆောင်ဥက္ကဋ္ဌနှင့် သံအမတ်ကြီး H.E. Mrs. Nguyen Nguyet Nga မှကမကထပြုကျင်းပခြင်းဖြစ်ပြီး ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့အခြေစိုက် အာဆီယံနိုင်ငံများ၏သံရုံးများ၊ မိတ်ဖက်နိုင်ငံများ၏သံရုံး၊ အဖွဲ့ရုံးများသာမက နိုင်ငံခြားဆက်ဆံရေး ဌာနများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် နိုင်ငံခြားယဉ်ကျေးမှုစင်တာများ၊ ဗီယက်နမ်ပြည် တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းများမှ ကိုယ်စားပြုသောဆိုင်ခန်းပေါင်း ၁၄၃ ဆိုင်ကျော်ပါဝင်ဖွင့်လှစ် ၍နိုင်ငံတကာအစားအစာများနှင့် လက်မှုပစ္စည်းများရောင်းချခဲ့ကြပါကြောင်း သိရှိရပါသည်။
အဆိုပါပွဲ၌ အခမ်းအနားကျင်းပရေးဘုတ်အဖွဲ့ဥက္ကဋ္ဌ Service Department for Diplomatic Corps ၏ ခေတ္တညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Hoang Thuy Duong ၊ သံအမတ်ကြီး H.E. Mrs. Nguyen Nguyet Nga နှင့် ဟနွိုင်းမြို့အခြေစိုက်သံရုံး၊ အဖွဲ့ရုံးများ၏အကြီးအကဲတို့မှ အသီးသီး မိန့်ခွန်းပြောကြားခဲ့ပြီး နိုင်ငံခြားရေးဒုတိယဝန်ကြီး H.E. Mr. To Anh Dung နှင့် ဗီယက်နမ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mrs. Nguyen Phuong Nga တို့လည်းတက်ရောက်ခဲ့ပါသည်။ ပွဲအစီ အစဉ်တစ်ခုအဖြစ် ဟနွိုင်းမြို့ရှိသံရုံး၊ အဖွဲ့ရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံ များ၏ဇနီးများသည် ဗီယက်နမ်နိုင်ငံရိုးရာဆန်မုန့်ပြုလုပ်သည့်ပြိုင်ပွဲတွင် ဝင်ရောက်ဆင်နွဲခဲ့ကြပါ ကြောင်း၊ အဆိုပါပွဲဝင်ခွင့်လက်မှတ်များကိုပြည်သူများထံ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ Service Department for Diplomatic Corps မှ ရောင်းချပေးခဲ့ပြီးပွဲမှရရှိသော အလှူငွေများနှင့် ထည့်ဝင်ငွေများကို ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြုလုပ်သောလှူဒါန်းမှုများတွင် အသုံးပြု သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ပွဲ၌အကအလှဖျော်ဖြေမှုများ၊ အချက်အပြုတ်ပြိုင်ပွဲများပါဝင်ခဲ့ ပြီး ဗီယက်နမ်ပြည်တွင်းနှင့် နိုင်ငံတကာမှအစားအစာများ၊ ထွက်ကုန်ပစ္စည်းများနှင့် လက်မှုပစ္စည်း များရောင်းချခဲ့ကြပါသည်။မြန်မာသံရုံး၊ဟနွိုင်းမြို့မှမြန်မာ့ရိုးရာအစားအစာများဖြစ်သောမုန့်ဟင်းခါး နှင့် မြန်မာလက်ဖက်ရည်တို့ရောင်းချခဲ့ပြီး အလှူငွေများထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
08 February 2024
(Lunar New Year Day)
09 February 2024
(Lunar New Year Day)
12 February 2024
(Lunar New Year Day)
13 February 2024
(Lunar New Year Day)
14 February 2024
(Lunar New Year Day)