(၁၄.၆.၂၀၂၃ ရက်နေ့ ဟနွိုင်းမြို့)
မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံအကြား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် စီးပွားရေးဆိုင်ရာ များ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် First-runner Miss Pham Thi Ngoc Thanh : President of Global Business Vietnam ဦးဆောင်သည့် အဖွဲ့ဝင်ကိုယ်စားလှယ်(၈)ဦးတို့ အား ယနေ့ ဇွန် ၁၄ ရက် ၁၀:၃၀ နာရီအချိန်တွင် ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်းမှ သံအမတ်ကြီး၏ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံခဲ့ရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအဓွန့်ရှည်ရေးအတွက် အလေးထားပါ ကြောင်း နှင့် စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံသို့ လာရောက်တိုးမြှင့် ရင်းနှီးမြှုပ်နှံလိုပါ ကြောင်း၊ မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်ကြောင့် ဘေးဒုက္ခရောက်နေကြရသည့် ဒေသများ ရှိနေသည်ကိုလည်း သိရှိလိုကြောင်း၊ ၎င်းတို့တွင်အဖွဲ့အစည်းများ ၄၀၀ကျော် ရှိပြီး မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်နေသော စီးပွားရေးအဖွဲ့အစည်းများ ၃ ခုရှိပါကြောင်း၊ အဖွဲ့အစည်းများတွင် Charity ၊ အဖွဲ့အစည်းများလည်းပါဝင်ပါကြောင်း၊ မိမိတို့အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ကုန်ပိုင်းခန့်တွင် ကုန်သွယ်မှုတိုးမြှင့်ရေးအစီအစဉ်များ မြန်မာပြည်တွင်ပြုလုပ် လိုပါကြောင်း ပြောကြားခဲ့ပါသည်။
မြန်မာသံအမတ်ကြီးမှလည်း မြန်မာ-ဗီယက်နမ်စီးပွားရေးလုပ်ငန်းများအတွက် စိတ်ဝင်စား ပါကြောင်း၊ ကုန်သွယ်မှု လုပ်ငန်းဖြစ်စေ၊ ရင်းနှီးမြှုပ်နှံမှုဖြစ်စေမိမိတို့မှ ကူညီရန်အသင့်ရှိပါ ကြောင်း၊ ကုမ္ပဏီများနှင့် ပတ်သက်သည့်အချက်အလက်များ၊ website မှ ကြည့်ရှူနိုင်သည့် အထောက်အထားများ(Link)များ တင်ပြပေးစေလိုကြောင်း၊ မိုခါမုန်တိုင်း သဘာဝဘေးအန္တရာယ် ဒဏ်သင့်ဒေသများ(ချင်း၊ရခိုင်)သို့ လိုအပ်သည့်အကူအညီများပေးစေလိုကြောင်းပြောကြားခဲ့ပြီး နိုင်ငံဒေသထွက်လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်၍ ၁၁:၄၅ အချိန်တွင် အခမ်းအနား ကို ရုတ်သိမ်းခဲ့ပါကြောင်း သိရှိရပါသည်။


