နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှ သံအမတ်ကြီးများ စုပေါင်းဖိတ်ကြားသည့် Breakfast Meeting သို့ တက်ရောက်ခဲ့ (၅-၁-၂၀၂၄ ရက်)

(၅-၁-၂၀၂၄ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှ သံအမတ်ကြီးများက ၅-၁-၂၀၂၄ ရက်တွင် စုပေါင်းဖိတ်ကြားသည့် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ပြုလုပ်သော Breakfast Meeting သို့ တက်ရောက်ခဲ့သည်။

အစည်းအဝေး၌ ဒုတိယဝန်ကြီးနှင့် သံအမတ်ကြီးများသည် ဘင်းမ်စတက်ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းစဉ်များ၊ ယခုအစည်းအဝေးသို့ တက်ရောက်လာသည့်သံအမတ်ကြီးများ၏ သက်ဆိုင်ရာနိုင်ငံအလိုက် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် အခြားအကျိုးတူကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

20240116 01

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့