ASEAN Friends and Family Day 2023 တွင် မြန်မာသံရုံး၊ ဟနွိုင်းမြို့မှ ပါဝင်ဆင်နွှဲခဲ့ခြင်း

၁။ အာဆီယံအဖွဲ့အစည်း၏ ၅၆ ကြိမ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် နှစ်စဉ် ကျင်းပမြဲဖြစ်သော ASEAN Friends and Family Day 2023 အား ASEAN Women’s Circle of Hanoi (AWCH) ၏ ဦးဆောင်ဦးရွက်ပြုမှုဖြင့် ၂၀-၈-၂၀၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားကို ဗီယက်နမ်နိုင်ငံ၊ Hai Phong မြို့ရှိ Doi Rong Dragon Ocean Resort တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဇနီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ သံအမတ်ကြီးများနှင့် ဟနွိုင်းမြို့အခြေစိုက်အာဆီယံသံရုံးများမှ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ အခမ်းအနားတွင် သက်ဆိုင်ရာ သံရုံးများမှ ရိုးရာအစားအစာများ၊ အဖျော်ယမကာများဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ ရိုးရာယဉ်ကျေးမှုပစ္စည်းများ ပါဝင်ပြသခြင်း၊ ရိုးရာ ကစားနည်းများ ပါဝင်ဆင်နွှဲခြင်းနှင့် အကအလှဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်ခဲ့ကြပါသည်။
၂။ အခမ်းအနားတွင် မြန်မာသံရုံး၊ ဟနွိုင်းမြို့အနေဖြင့် မြန်မာ့ရိုးရာကျောက်စိမ်းနှင့် အခြားကျောက်မျက်ရတနာပစ္စည်းများ၊ ယွန်းထည်ပစ္စည်းများအား ပါဝင်ခင်းကျင်းပြသလျက်၊ လက်ဖက်သုပ်၊ မြန်မာဘီယာ၊ Grand Royal whiskey နှင့် Royal Myanmar Teamix တို့ဖြင့် တည်ခင်းဧည့်ခံကျွေးမွေးကာ မြန်မာရိုးရာအဆိုအကများဖြင့် ပါဝင်ဖျော်ဖြေဆင်နွှဲခဲ့ကြောင်း သိရှိ ရပါသည်။

20230823 01

20230823 01

20230823 01

20230823 01

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့