မြန်မာသံရုံး၊ ဟနွိုင်းမြို့မှ ၂၀၂၄ ခုနှစ်၊ နှစ်သစ်ကူး မြန်မာရိုးရာမဟာသင်္ကြန်ရေသဘင်ပွဲ တော်ကို ဟနွိုင်းမြို့ရှိ မြန်မာသံရုံးဝန်းအတွင်းတွင် ၁၃-၄-၂၀၂၄ ရက်နေ့ (စနေနေ့)နံနက်ပိုင်းတွင် ကျင်းပပြုခဲ့ပြီး သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးစိုးကိုကို၊ ဇနီးနှင့်မိသားစု၊ မြန်မာစစ်သံရုံးမှ စစ်သံမှူး ဗိုလ်မှူးချုပ်မြင့်ထွန်းနိုင်၊ ဇနီးနှင့် မိသားစု၊ မြန်မာသံရုံးနှင့် စစ်သံရုံးမှ ဝန်ထမ်းမိသားစုဝင်များ၊ အစိုးရပညာသင်ကျောင်းသားများနှင့် ဗီယက်နမ်နိုင်ငံရောက် မြန်မာနိုင်ငံသားများ ပါဝင်ဆင်နွှဲခဲ့ကြပြီး၊ သံရုံးယာယီတာဝန်ခံမှ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ မဟာသင်္ကြန်ပွဲတော်တွင် မြန်မာသံရုံးနှင့် စစ်သံရုံးမှ ဝန်ထမ်းမိသားစုများ၊ အစိုးရ ပညာသင်ကျောင်းသူများမှ မြန်မာ့ရိုးရာ မဟာသင်္ကြန် အကများ၊ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ ကပြခဲ့ကြပြီး မြန်မာသံရုံး၊ စစ်သံရုံးမိသားစုများမှ မြန်မာသင်္ကြန်ထမင်း၊ မြန်မာ့ရိုးရာမုန့်များဖြင့် တည်ခင်းဧည့်ခံပြီးနောက် မွန်းလွဲပိုင်းတွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။




