(၈-၃-၂၀၂၄ ရက်နေ့မှ ၉-၃-၂၀၂၄ ရက်နေ့အထိ)




ဗီယက်နမ်နိုင်ငံ၊ ကွမ်နင်းပြည်နယ် ပြည်သူ့ကော်မတီနှင့် ဗီယက်နမ်နိုင်ငံ ကုန်သည်ကြီး များနှင့် စက်မှုလက်မှုအသင်းတို့၏ ဖိတ်ကြားချက်အရ ၈-၃-၂၀၂၄ ရက်နေ့တွင် ကွမ်နင်း ပြည်နယ်၊ ဟာလုံမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး အခွင့်အလမ်းများ ဆိုင်ရာ အစည်းအဝေးကို မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ ဦးစိုးကိုကိုသည် ဟနွိုင်းမြို့ အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများ၊ စီးပွားရေးသံမှူးများနှင့်အတူ တက် ရောက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါအစည်းအဝေး မစတင်မီ မြန်မာသံရုံး ယာယီတာဝန်ခံမှ ကွမ်နင်းပြည်နယ် ပြည်သူ့ ကော်မတီ ဥက္ကဌ H.E. Mr. Cao Tuong Huy အား သွားရောက်တွေ့ဆုံခဲ့ပြီး၊ လာမည့်နှစ်တွင် နှစ်နိုင်ငံသံတမန် ဆက်ဆံရေး ထူထောင်မှု နှစ်(၅၀) သို့ ရောက်ရှိမည် ဖြစ်ပါသဖြင့် နှစ်နိုင်ငံ အကြား စီးပွားရေးနှင့် ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ အထည်အလိပ် ပို့ကုန် ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် အခြေအနေများကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ပြီး၊ ၉-၃-၂၀၂၄ ရက်နေ့၊ နံနက်ပိုင်းတွင်လည်း ကွမ်နင်းပြည်နယ်ရှိ Song Khoai Industrial Park တို့အားလည်း သွားရောက်လေ့လာ ကြည့်ရှု့ခဲ့ကြောင်း သိရှိရပါသည်။
