နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁)၊ ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ အမှာစကားပြောကြား(၂၂-၂-၂၀၂၄ ရက်)

(၂၂-၂-၂၀၂၄ ရက်၊ ရန်ကုန်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေး အဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံသည့်အခမ်းအနားကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ၂၂-၂-၂၀၂၄ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။ တွေ့ဆုံပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရ၏ လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ အနေဖြင့် ဘာသာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ အတွေ့အကြုံများနှင့် အသိပညာများကို ထိရောက်စွာ အသုံးပြုလျက် ဒေသတွင်းနှင့် နိုင်ငံတကာ ဆက်ဆံရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးနှင့် နိုင်ငံ့အကျိုးဖြစ်ထွန်းစေမည့် အကြံပြုချက်များကို ပညာရှင်များ ရှုထောင့်မှ အထောက်အကူပြု ပံ့ပိုးနိုင်ရေးတို့ကို တိုက်တွန်းမှာကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေး အဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များက အဖွဲ့၏ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများ နှင့်စပ်လျဉ်း၍ အသီးသီး ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရှိရပါသည်။

20240227 06

20240227 06

20240227 06

20240227 06

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့