မြန်မာ-ရုရှား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား နိုင်ငံရေးရာဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာ အန်ဒရေး ရူဒန်ကိုတို့ ဦးဆောင်ကျင်းပခဲ့(၂၀-

(၂၀-၂-၂၀၂၄ ရက်၊ နေပြည်တော်)​

မြန်မာ-ရုရှား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား နိုင်ငံရေးရာဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာ အန်ဒရေး ရူဒန်ကို တို့ ဦးဆောင်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ၂၀-၂-၂၀၂၄ ရက် မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။​​ဆွေးနွေးပွဲ၌ မြန်မာ-ရုရှား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ တရားရေး၊ ဥပဒေရေးရာ၊ ပို့ဆောင် ဆက်သွယ်ရေး၊ ကုန်သွယ်ရေး၊ စက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ ဘဏ်လုပ်ငန်း၊ ပြန်ကြားရေး၊ ပညာရေး၊ သိပ္ပံနှင့် နည်းပညာ၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု စသည့်ကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးဖြစ်ထွန်း စေမည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆေွးနွေးခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် မြန်မာ-ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနများအကြား ညှိနှိုင်းဆွေးနွေးပွဲအစီအစဉ် (၂၀၂၂-၂၀၂၄) အရ ကျင်းပခြင်းဖြစ်သည်။ဆွေးနွေးပွဲသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်ကိုယ်စားလှယ်များပါဝင် တက် ရောက်ခဲ့သည်။​ဆွေးနွေးပွဲအပြီးတွင် ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့် ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ Hilton ဟိုတယ်၌ ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။

20240227 01

20240227 01

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့