ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ် သံအမတ်ကြီးအား လက်ခံတွေ့ဆုံ(၁၉-၂-၂၀၂၄ ရက်)

(၁၉-၂-၂၀၂၄ ရက်၊ နေပြည်တော်)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဘယ်လာရုစ်နိုင်ငံ သံအမတ်ကြီး Mr. Uladzimir Baravikou အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်၊ (၁၀၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ကျရောက်မည့် မြန်မာ-ဘယ်လာရုစ် သံတမန်ဆက်သွယ်မှု ထူထောင်သည့် (၂၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လှုပ်ရှားဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှုကဏ္ဍ မြှင့်တင်သွားရေး၊ မြန်မာကျောင်းသားများအတွက် ဘယ်လာရုစ်နိုင်ငံမှ ပညာသင်ဆုများ ပိုမိုပေးအပ်သွားရေးအပါအဝင် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

ဒုတိယဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရမှ ဦးစားပေးဆောင်ရွက်လျက်ရှိသည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့နှင့်စပ်လျဉ်း၍ ဖြစ်ပေါ် တိုးတက်မှုများကို ရှင်းလင်းအသိပေးခဲ့ကြောင်း သိရှိရပါသည်။

20240221 01

20240221 01

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့