(၂၃-၁-၂၀၂၄ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး ရာထူးနေရာအတွက် ရွေးချယ်ခန့်အပ်နိုင်ရန် ရေးဖြေစာမေးပွဲကို ၂၃-၁-၂၀၂၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီမှ ၁၃:၀၀ နာရီအထိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၉)၊ နေပြည်တော်၌ ကျင်းပခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် သည် တာဝန်ရှိသူများနှင့်အတူ ရေးဖြေစာမေးပွဲ ကျင်းပနေမှုနှင့် စာမေးပွဲဖြေဆိုမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဝင်ရောက်ဖြေဆိုသူများကို စနစ်ကျအောင်မြင်စွာ ဖြေဆိုကြရန် လမ်းညွှန်အားပေးစကားပြောကြားခဲ့ပါသည်။ အငယ်တန်းစာရေး ရာထူးနေရာအတွက် ရေးဖြေစာမေးပွဲဖြေဆိုသူများအား လူတွေ့စစ်ဆေးခြင်းနှင့် စိတ်အခြေအနေစစ်ဆေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။



