နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်ကအပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera အား လက်ခံတွေ့ဆုံ (၆-၁၂-၂၀၂၃ ရက်)

(၆-၁၂-၂၀၂၃ ရက်၊ နေပြည်တော်)

​နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်သည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera အား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်၊ ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

​ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ ICRC မှ ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် အကူအညီလိုအပ်သူများထံသို့ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

20231214 01

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့