ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ ဗီယက်နမ်-မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဌ Mr. Chu Cong Phung အား မြန်မာသံရုံး၌ လက်ခံတွေ့ဆုံ (၁၀-၁၁-၂၀၂၃ ရက်၊ ဟနွိုင်း)

၁။ ဗီယက်နမ်နိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးကျော်စိုးဝင်း သည် ဗီယက်နမ် – မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဌ၊ Mr. Chu Cong Phung နှင့်အတူ ဗီယက်နမ် နှင့်မြန်မာစီးပွားရေးလုပ်ငန်းရှင်များအား ၁၀.၁၁.၂၀၂၃ ရက်နေ့ ၁၃း၃၀ နာရီချိန်တွင် ဟနွိုင်းမြို့ရှိ မြန်မာသံရုံး၏ သံအမတ်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၂။ ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံမှ ဗီယက်နမ်သို့ကုန်စည်ပြပွဲလာရောက်ပြသနေသည့် Bagan House Lacquerware Co Ltd နှင့် ဗီယက်နမ်ကုမ္ပဏီ ၆ ခုမှ လုပ်ငန်းရှင်များ တက်ရောက် ခဲ့ကြပြီး နှစ်နိုင်ငံကုမ္ပဏီများအား ရေရှည်အကျိုးစီးပွားအတွက်ရည်ရွယ်ချက်ဖြင့် Business to Business မိတ်ဆက်တွေ့ဆုံပေးခြင်းဖြစ်ကြောင်းသိရှိရပါသည်။ အဆိုပါ တွေ့ဆုံပွဲ အခမ်းအနားတွင် နှစ်နိုင်ငံ ကုန်သွယ်မှု အခြေအနေ၊ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများ ဆွေးနွေးခဲ့ကြပြီး ဗီယက်နမ် ကုမ္ပဏီများမှလည်း ၎င်းတို့ ကုန်သွယ်မှုဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲ ပြဿနာ များကို ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းတင်ပြခဲ့ပြီး သံအမတ်ကြီးမှ လိုအပ်သလို ညှိနှိုင်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

20231114 01

20231114 01

20231114 01

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့