ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုများရုံး၏ အာရှဒေသဆိုင်ရာညွှန်ကြားရေးမှူးအား လက်ခံတွေ့ဆုံ (၂၁-၉-၂၀၂၃ ရက်)

(၂၁-၉-၂၀၂၃ ရက်၊ နေပြည်တော်)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုများရုံး၏ အာရှဒေသဆိုင်ရာညွှန်ကြားရေးမှူး မစ္စတာ ဆန်ဂျေးမာသာအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်၊ ၁၃၀၀ နာရီချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုများရုံးတို့ အကြား လက်ရှိပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုများရုံး၏ မြန်မာနိုင်ငံဆိုင်ရာယာယီညွှန်ကြားရေးမှူး Ms. Sara Austin Netzer တို့ တက်ရောက်ခဲ့ကြပါသည်။

2030926 13

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့