(၁၂-၉-၂၀၂၃ ရက်၊ နေပြည်တော်)
ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီ လတ်ဗ်ရော့နှင့် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂေး အယ်လယဲနိခ်တို့၏ ဖိတ်ကြားချက်များအရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့သို့ ၁၂-၉-၂၀၂၃ ရက်မှ ၁၇-၉-၂၀၂၃ ရက်အထိ အလုပ်သဘောခရီးစဉ်များ သွားရောက်ရန်အတွက် ၁၂-၉-၂၀၂၃ ရက်၊ ညနေပိုင်းတွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်မြို့သို့ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI) ဖြင့်ထွက်ခွာသွားရာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြကြောင်း သိရှိရပါသည်။


