ဆိုင်ကလုန်း “မိုခါ” သဘာဝဘေးအန္တရာယ်သင့်ခဲ့ရသည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူငွေများ လွှဲပြောင်းပေးအပ်(၂၂-၈-၂၀၂၃ ရက်)

(၂၂-၈-၂၀၂၃ ရက်၊ နေပြည်တော်)

ဆိုင်ကလုန်း “မိုခါ” သဘာဝဘေးအန္တရာယ်သင့်ခဲ့ရသည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများမှ ဝန်ထမ်းများ၊ မြန်မာသံရုံးများမှတစ်ဆင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ၊ အဖွဲ့အစည်းများနှင့် ကုမ္ပဏီများက လှူဒါန်းသည့် နိုင်ငံခြားငွေ (၅) မျိုး၊ မြန်မာကျပ်အပါအဝင် စုစုပေါင်းကျပ် ၈၄,၁၁၄,၀၀၀/- နှင့် တိုကျိုမြို့ အခြေစိုက် Asia-Pacific Ladies Friendship Society (ALFS) အသင်းကြီးက မြန်မာသံရုံး၊ တိုကျိုမြို့မှတစ်ဆင့် လှူဒါန်းသည့် ဂျပန်ယန်း ၆၂၁,၀၀၀/- နှင့်ညီမျှသည့် မြန်မာကျပ် ၉,၃၁၅,၀၀၀/- စုစုပေါင်း မြန်မာကျပ် ၉၃,၄၂၉,၀၀၀/-(ကျပ် ကိုးရာသုံးဆယ့်လေးသိန်း နှစ်သောင်းကိုးထောင် တိတိ) အား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်မှ ၂၂-၈-၂၀၂၃ ရက်နေ့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာနတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

20230824 04

20230824 04

20230824 04

20230824 04

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့