ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်းသည် (၅၆)နှစ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)တည်ထောင်ခြင်း အထိမ်းအမှတ်နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်ဖြစ်သည့် (၂၈)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံအလံလွှင့်ထူခြင်းအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ခြင်း (၈.၈.၂၀၂၃ ရက်နေ့ ၊ ဟနွိုင်းမြို့)
(၅၆)နှစ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)တည်ထောင်ခြင်း အထိမ်းအမှတ် နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်ဖြစ်သည့် (၂၈)နှစ်မြောက် အထိမ်း အမှတ်အဖြစ် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ အလံလွှင့် ထူခြင်း အခမ်းအနားကို ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ၂၀၂၃ ခုနှစ်၊ သြဂုတ် ၈ ရက်နေ့၊ ၀၇:၃၀ နာရီအချိန်တွင် ကျင်းပခဲ့ရာ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်း တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ဗီယက်နမ်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဝန်ကြီး Mr. Bui Thanh Son မှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ဟနွိုင်းမြို့ အခြေစိုက် အာဆီယံနိုင်ငံ များမှ သံအမတ်ကြီးများ၊ အာဆီယံမိတ်ဖက်နိုင်ငံများမှ သံအမတ်ကြီးများ ၊ နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ ဟနွိုင်းပြည်သူ့ ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။




