အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဓ၏ဂ္ဂ ယာယီဌာနေညှိနှိုင်းရေးရုံး(UNOCHA)၏ ယာယီအကြီးအကဲတို့အားလက်ခံတွေ့ဆုံ(၇-၇-၂၀၂၃ ရက်)

(၇-၇-၂၀၂၃ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးဖြစ်သူ Mr. Ramanathan Balakrishnan နှင့် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ ယာယီအကြီးအကဲဖြစ်သူ Ms. Danielle Parry တို့အား ၇-၇-၂၀၂၃ ရက်၊ (၁၄၀၀) နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရာတွင် အဆင်ပြေချောမွေ့စေရေးနှင့် ထိရောက်မှုရှိစေရေးတို့အတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စများကို ဆွေးနွေးခဲ့ ကြကြောင်း သိရှိရပါသည်။

20230711 07

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့