အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးအား လက်ခံတွေ့ဆုံ(၂၇-၆-၂၀၂၃ ရက်)

(၂၇-၆-၂၀၂၃ ရက်၊ နေပြည်တော်)

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Sarah Lou Ysmael Arriola အား ၂၇-၆-၂၀၂၃ ရက်၊ (၁၁၀၀) နာရီ၌ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးနှင့် IOM ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးတို့သည် မြန်မာနိုင်ငံရှိ ရွှေ့ပြောင်းသွားလာခြင်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် IOM နှင့် ဆက်လက်ဆောင်ရွက်နိုင်မည့် လုပ်ငန်းအစီအစဉ်များအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ IOM ဘက်မှ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Dragan Aleksoski နှင့် အာရှပစိဖိတ်ဒေသဆိုင်ရာ ရွှေ့ပြောင်းသွားလာမှု မူဝါဒထောက်ပံ့ရေးအရာရှိ Mr. Chaoqian Xiong တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

20230630 01

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့