(၂၆-၆-၂၀၂၃ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration – IOM) ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Sarah Lou Ysmael Arriola အား ၂၆-၆-၂၀၂၃ ရက်၊ နေ့လယ် (၁၂၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံစဉ် IOM အနေဖြင့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာကဏ္ဍတွင် မြန်မာနိုင်ငံရှိ ပြည်သူများကို အကူအညီများ ပေးအပ်လျက်ရှိသည့် အခြေအနေ၊ မြန်မာနိုင်ငံ၌ လက်ရှိဆောင်ရွက်လျက်ရှိသော IOM ၏ လုပ်ငန်းများနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ IOM ဘက်မှ IOM ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Dragan Aleksoski နှင့် အာရှပစိဖိတ်ဒေသဆိုင်ရာ ရွှေ့ပြောင်းသွားလာမှု မူဝါဒထောက်ပံ့ရေးအရာရှိ Mr. Chaoqian Xiong တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။


