နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က ဘရာဇီးလ်သံရုံး ယာယီတာဝန်ခံ အား လက်ခံတွေ့ဆုံ(၂၆-၆-၂၀၂၃ ရက်)

(၂၆-၆-၂၀၂၃ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် ရန်ကုန်မြို့၊ ဘရာဇီးလ်ဖက်ဒရယ်သမ္မတနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ မစ္စစ် အစ္စဘဲလ် ခရစ်စတီးနား ဒဲ အဇဗီဒို ဟေးဗရက်ထ်အား နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ၂၆-၆-၂၀၂၃ ရက်၊ (၁၀၀၀) နာရီတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဘရာဇီးလ်နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရေးနှင့် ကုလသမဂ္ဂမျက်နှာစာ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

20230628 13

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့