ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်းသည် ၂၇-၆-၂၀၂၃ ရက်နေ့နံနက် ၀၉:၃၀ တွင် ဟနွိုင်းမြို့ရှိ Government Guest House သို့ သွားရောက်၍ ဗီယက်နမ်နိုင်ငံ၊ ပါတီဗဟို ကော်မတီ အတွင်းရေးမှူးနှင့် ဒုတိယဝန်ကြီးချုပ်ဟောင်း Mr. VU KHOAN ကွယ်လွန်ခဲ့ခြင်း အတွက် ဖွင့်လှစ်ထားသော ဝမ်းနည်းခြင်းမှတ်တမ်းလွှာစာအုပ်၌ စာနာထောက်ထားဝမ်းနည်းကြောင်း လက်မှတ်ရေးထိုးခဲ့ပြီး၊ ယင်းနေ့ ၁၀:၁၅ နာရီအချိန်တွင် ဟနွိုင်းမြို့ရှိ the National Funeral Hall တွင် ကျင်းပသော ဗီယက်နမ်နိုင်ငံ၊ ပါတီဗဟိုကော်မတီအတွင်းရေးမှူးနှင့် ဒုတိယဝန်ကြီး ချုပ်ဟောင်း Mr. VU KHOAN အား အလေးပြုခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။



