“မိုခါ” ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် မြန်မာသရုံး၊ ဟနွိုင်းမြို့မှ တစ်တပ်တစ်အား ပါဝင်လှူဒန်းခြင်း (၂၀-၆-၂၀၂၃)

(မြန်မာသံရုံး၊ ဟနွိုင်းမြို့) ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်း ဒဏ်သင့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြန်မာသံရုံး၊ ဟနွိုင်းမြို့အနေဖြင့် ဗီယက်နမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဟိုချီမင်းမြို့ရှိ မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ်ရုံး၊ မြန်မာ-ဗီယက်နမ်ချစ်ကြည်ရေးအသင်း၊ မြန်မာနိုင်ငံနှင့် တွဲဖက်၍ စီမံကိန်းများ ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းကုမ္ပဏီများသို့ လည်းကောင်း၊ ဗီယက်နမ်နိုင်ငံရှိ မြန်မာနိုင်ငံသားများထံသို့လည်းကောင်း၊ တရားဝင်စာများ ပေးပို့ခြင်း၊ မြန်မာသံရုံး Social Media များမှလည်း ကြော်ငြာကာ အလှူငွေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေးအတွက် မေတ္တာရပ်ခံအကြောင်းကြားခဲ့ပါသည်။ ထိုသို့ မေတ္တာရပ်ခံခဲ့သည့်အတွက် “မိုခါ”မုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင် ရေးအတွက် ဗီယက်နမ်နိုင်ငံရှိ မြန်မာနိုင်ငံသားများ၊ ဗီယက်နမ်နိုင်ငံရှိ စီးပွားရေးကုမ္ပဏီများ၊ ဟိုချီမင်းမြို့ရှိ စီးပွားရေးကုမ္ပဏီများတို့မှ ပေးပို့လှူဒါန်းလျက်ရှိပါသည်။ ထို့အပြင် “မိုခါ” မုန်တိုင်းဒဏ်သင့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် လေဘေးဒဏ်သင့်ပြည်သူများ၏ စားဝတ်နေရေးအား အထိုက်အလျောက် အထောက်အပံ့ဖြစ်စေရန်အတွက် မြန်မာသံရုံး၊ ဟနွိုင်းမြို့၊ သံအမတ်ကြီး ဦးကျော်စိုးဝင်း + ဇနီး ဒေါ်အေးအေးနွဲ့၊ မြန်မာသသံရုံး အရာထမ်း၊ အမှုထမ်းဝန်ထမ်းများမှ လည်းကောင်း၊ ဗီယက်နမ် နိုင်ငံရောက် မြန်မာနိုင်ငံသားများမှလည်းကောင်း၊ ဗီယက်နမ်နိုင်ငံရှိ စီးပွားရေးကုမ္ပဏီများမှ လည်းကောင်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၄,၃၃၆ နှင့် မြန်မာကျပ်ငွေ ၂၀၀,၀၀၀ တို့အား စုပေါင်းထည့်ဝင် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့