(၂၉) ကြိမ်မြောက် အာဆီယံ-တရုတ် အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် တက်ရောက်(၂၅-၅-၂၀၂၃ ရက်)

(၂၅-၅-၂၀၂၃ ရက်၊ ရှန့်ကျန့်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် တရုတ်နိုင်ငံ၊ ရှန့်ကျန့်မြို့၌ ၂၅-၅-၂၀၂၃ ရက်တွင် ကျင်းပသော (၂၉) ကြိမ်မြောက် အာဆီယံ-တရုတ် အဆင့်မြင့် အရာရှိကြီးများ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး H.E. Mr. Nong Rong နှင့် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူးနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အကြီးတန်းဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။ တီမောလက်စ်တေ ကိုယ်စားလှယ်အဖွဲ့သည် လေ့လာသူနိုင်ငံအနေဖြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ အာဆီယံ ဦးဆောင် လုပ်ငန်းစဉ်များဖြစ်သည့် အာဆီယံအပေါင်းသုံး၊ အရှေ့အာရှထိပ်သီးအစည်းအဝေးနှင့် အာဆီယံ ဒေသဆိုင်ရာဖိုရမ်ကိစ္စရပ်များ၊ အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး အနာဂတ် ဦးတည်ချက် ကိစ္စရပ်များ၊ တောင်တရုတ်ပင်လယ်တွင်းနိုင်ငံများ လိုက်နာရမည့် လုပ်ထုံးလုပ်နည်း ဆိုင်ရာ ကြေညာချက် အကောင်အထည်ဖော်ရေးနှင့် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံး တစ်ရပ်အား ဆွေးနွေးညှိနှိုင်းရေး ကိစ္စရပ်များ၊ အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးနှင့် (၂၆) ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေး ကျင်းပရေး ကိစ္စများနှင့် တရုတ်နိုင်ငံမှ ဦးစီးဦးရွက်ပြုဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ပါသည်။

အမြဲတမ်းအတွင်းဝန်သည် ၂၄-၅-၂၀၂၃ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး၊ အာဆီယံ-တရုတ် အဆင့်မြင့်အရာရှိကြီး H.E. Mr. Nong Rong နှင့် သီးသန့်တွေ့ဆုံခဲ့ပြီး ကုလသမဂ္ဂနှင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံမှ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအပေါ် တရုတ်နိုင်ငံမှ ကူညီပံ့ပိုးမှုများ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဆိုင်ကလုန်းမိုခါကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် တရုတ်နိုင်ငံမှ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ပေးအပ်မည့် ကိစ္စရပ်များနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး ပိုမိုမြှင့်တင်နိုင်ရေးအတွက် နှစ်နိုင်ငံ အဆင့်မြင့်ခေါင်းဆောင်များ အလုပ်သဘောခရီးစဉ်များ အပြန်အလှန် လာရောက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

20230531 01

20230531 01

20230531 01

20230531 01

20230531 01

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့