မိုခါမုန်တိုင်းဘေးသင့်ပြည်သူများထံသို့ ထိုင်းနိုင်ငံမှ ပေးပို့သည့် အကူအညီပစ္စည်းများကို လွှဲပြောင်းလက်ခံ(၂၃-၅-၂၀၂၃ ရက်)

(၂၃-၅-၂၀၂၃ ရက်၊ ရန်ကုန်)

ထိုင်းနိုင်ငံဘုရင်မင်းမြတ် His Majesty King Maha Vajiralongkorn Phra Vajiraklaochaoyuhua နှင့် မိဖုရား Her Majesty Queen Suthida Bajrasudhabimalalakshana ၊ ထိုင်းနိုင်ငံအစိုးရ၊ ထိုင်းကြက်ခြေနီအသင်း၊ ထိုင်း-မြန်မာ ချစ်ကြည်ရေးအသင်း၊ ထိုင်းပုဂ္ဂလိကကဏ္ဍ နှင့် ထိုင်းပြည်သူများမှ မိုခါမုန်တိုင်းဒဏ်သင့်ဒေသရှိ ပြည်သူများထံသို့ ပေးပို့လှူဒါန်းသည့် ယာယီတဲများနှင့် အမိုးအကာများ၊ ဆိုလာမီးအိမ်များ၊ ကယ်ဆယ်ရေးအိတ်များ၊ ဆေးစိမ်ခြင်ထောင် များ၊ ငါးသေတ္တာများနှင့် အသင့်စားခေါက်ဆွဲခြောက်များ ပါဝင်သော ကယ်ဆယ်ရေးပစ္စည်းများ သယ်ဆောင်လာသည့် ထိုင်းတော်ဝင်လေတပ်မှ C-130 လေယာဉ်နှစ်စီးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်ခဲ့သည်။

လေဆိပ်သို့ရောက်ရှိလာသည့် အကူအညီပစ္စည်းများအား မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး မစ္စတာမုံခွန်း ဝိစစ်စတန်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့သည်။

ထိုင်းဘုရင်မင်းမြတ်နှင့်မိဖုရား နှင့် ထိုင်းပြည်သူတို့မှ လှူဒါန်းသည့် တန်ချိန်(၂၀)ခန့် ရှိသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား မိုခါမုန်တိုင်းဒဏ်သင့်ဒေသများရှိ ပြည်သူများထံသို့ ဆက်လက်ပေးပို့ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်းသိရှိရသည်။

20230525 08

20230525 08

20230525 08

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့