(၂၂-၅-၂၀၂၃ ရက်၊ ရန်ကုန်)
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ မြန်မာသံရုံး၊ ဗန်ကောက်မြို့မှတစ်ဆင့် ထိုင်းဘတ်ငွေ ၂,၃၁၂,၄၀၀/- တန်ဖိုးရှိ အဆောက်အဦ အမိုးသွပ်ပြား (၁၂,၃၀၀) ချပ်အား ပေးပို့လှူဒါန်းခဲ့ရာ၊ ပထမအသုတ်အနေဖြင့် အဆောက်အဦ အမိုးသွပ်ပြား (၆,၃၀၀) ချပ်ကို နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စား ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း မှ ၁၉-၅-၂၀၂၃ ရက်တွင် လည်းကောင်း၊ ဒုတိယအသုတ်အနေဖြင့် အဆောက်အဦ အမိုးသွပ်ပြား (၆,၀၀၀) ချပ်ကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာ မှ ၂၂-၅-၂၀၂၃ ရက်တွင် လည်းကောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများထံသို့ အသီးသီး လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။



